စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ဒုတိယ အကြိမ် ကပ်ထားကြေညာခဲ့ရာ (၈၅၆၉၀)ဦးရှိ

ဖောင်းပြင် အောက်တိုဘာ ၈

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးအနေဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင် မြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လက်ရှိတွင် (၈၅၆၉၀)ဦးရှိပြီး မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။

ဖောင်းပြင်မြို့နယ်အနေဖြင့် ရပ်ကွက်၊ကျေးရွာများ၌ မဲရုံပေါင်း (၈၆)ရုံဖြင့် ရွေးကောက် ပွဲကို ကျင်းပသွား မည်ဖြစ်ပြီး ပြည်သူများအားဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး မဲစာရင်းကပ် ထားကြေညာချက်  အမည်စာရင်းများတွင် မိမိတို့ အမည်ပါမပါ သွားကြည့် ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက နှိုးဆော် တိုက်တွန်း ကြေညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းကို သက်ဆိုင်ရာ ရပ်/ ကျေးကော်မရှင်များနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)