ဖောင်းပြင် ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းပေါင်း ၁၅၂ ကျောင်းတွင် ၁၇ ကျောင်း ဖွင့်လှစ်နိုင်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း ၆၂၉၁ ဦးတက်ရောက် ပညာသင်ယူကြကြေင်း သိရသည်။
ယခုပညာသင်နှစ်တွင် နယ်မြေဒေသမအေးချမ်းမှုကြောင့် ၃၁ ကျောင်း ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း၊ ကျောင်းပေါင်း ၁၉ ကျောင်းတွင် ကျောင်းအပ်နှံထားသူအရေအတွက် ၇၉၉၈ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို အခမဲ့ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုထွန်း(ဖောင်းပြင်)