မြောင်မြို့တွင် လူငယ်နှင့်ရည်မှန်းချက် အသိပညာပေး TalkShow ဆောင်ရွက်

မြောင် ဇွန် ၂

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနတွင် လူငယ်နှင့်ရည်မှန်းချက် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းကပြည်သူများ သိရှိစေရန် အသိပညာပေး Talk Show များပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ‘’လူငယ်ဆိုသည်မှာ တိုင်းပြည်၏ရည်ရွယ်ချက်ဖြစ်ကြောင်း၊ လူငယ်တိုင်း၏ အသိစိတ်ထဲတွင် ဦးတည်ချက် ရည်မှန်းချက်များ ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ဖြစ်လိုသော ရည်မှန်းချက် ရည်ရွယ်ချက်များကို တိကျမှန်ကန် စွာချမှတ်၍ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင်ရည်မှန်းချက်မှန်ကန် အောင်မြင်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယ လူအားဉာဏအားဖြင့် အသုံးချနိုင်မှသာ  ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ အနေဖြင့်မိမိရည်ရွယ်ချက်များကို တိကျမှန်ကန်စွာချမှတ်ပြီး ဖြောင်မတ်မှန်ကန်စွာကြိုးစားအားထုတ်ရမည် လိုအပ်ကြောင်း ကြုံတွေ့လာသော အခက်အခဲအတားဆီး အစဉ်မပြေမှုများစွာကို  အောင်မြင်စွာကြိုးစားအား ထုတ်ကြဖို့လို့အပ်ကြောင်းပြောကြားခဲ့သည်ကိုသိရသည်။

မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတ ရရှိစေရန်အတွက် Talk Show များ၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ စာအုပ် စာစောင်များငှားပေးခြင်းနှင့် ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရေးအတွက် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)