လပွတ္တာ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု နှံချောင်းကျေးရွာတွင် ကျွဲ၊ နွားများအား ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာအောင်နိုင်သိန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ကြာကန်ကျေးရွာအုပ်စု၊ နှံချောင်းကျေးရွာအတွင်းမှ ဇီဝလုံခြုံရေး သင်တန်းကို စိတ်ပါဝင်စားသူ(၂၅)ဦးအား အသိပညာတိုးပွားစေရန် ရည်ရွယ်၍ သင်တန်းအားဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)