သံတောင်ကြီး ဇွန် ၂
ကရင်ပြည်နယ်၊ ဘားအာခရိုင်၊ သံတောင်ကြီးမြို့နယ် တွင်ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုမေလနောက်ဆုံးပတ်တွင် ပေါ်ဦးပေါ်ဖျားဂေါ်ရခါးသီးများခူးယူရောင်ချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
အဆိုပါသံတောင်ကြီးဒေသတွင် စိုက်ပျိုးသောဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့်သည် လူကြိုက်များသည့်သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်ကောင်းစားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊ မိုး၊ ဆောင်းရာသီမရွေး အသီးသီးပြီး ယခုနွေအကုန် မိုးအကူးတွင် ဂေါ်ရခါးသီးများ စားသုံးရန်သင့်လျော်ပြီးခူးယူရောင်းချလျက်ရှိသည်။
ဂေါ်ရခါးသီးများကို အိမ်အတွင်းစားသုံးရန် အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင် သာမကတောင်ငူမြို့ သို့တင်ပို့ရောင်းချကြသည်။ သံတောင်ကြီးဒေသ ထွက်ပေါ်ဦး ပေါ်ဖျားဂေါ်ရခါးသီး တပိဿာလျှင်ကျပ် (၁၀၀၀)မှ (၁၂၀၀) ထိရရှိသည်။ ဂေါ်ရခါးပင်များ သည်ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင် ငွေရရှိကာ အိမ်သုံး စရိတ်ရရှိကြောင်း ဂေါ်ရခါး သီးစိုက်ပျိုးလုပ်ကိုင်သူ နော်အယ်ဝါးထံကသိရသည်။
နော်လော်မူ