လှိုင်းဘွဲမြို့နယ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၁၀၈) ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဇွန်  ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ဩဝါဒါ စရိယဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓစာရအား အမှူးထား၍ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော် ဦးစီးပြီး တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စုပေါင်း၍ လှိုင်းဘွဲမြို့ ကျက်သရေဆောင် ကျိုက်မုရော စေတီတော်မြတ်ကြီးခြေတော်ရင်းတွင် ထားရှိမည့် ဗုဒ္ ဓရုပ်ပွားတော် (၁၀၈)ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတ်တင်ပူဇော်ပွဲနှင့် ရေစက်ချ တရားတော်နာ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါကျိုက်မုရော စေတီတော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များက ဗုဒ္ဓရုပ်ပွားတော်အား ဆက်ကပ်ပူဇော်ခြင်း၊ ဆရာတော် သံဃာတော်များက ဗုဒ္ဓရုပ်ပွား တော်အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရထံ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာ တော်/သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားတော်နာကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချ အမှူဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)