အိမ်မဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ (၂) နာရီတွင် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင်တွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင်တို့က စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်မှ ကုန်စည်နှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဥ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း Talk Show များရိုက်ကူးတင်ဆက်ပေးခြင်း ကြောင့်ပြည်သူများ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ လာမည်ဖြစ်ပြီး Talk Show ဗီဒီယိုကို အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်ပေ့တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ချစ်သက်လယ်(အိမ်မဲ)