လပွတ္တာမြို့ တွင်ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လပွတ္တာ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်​၊ ကျောက်ဖြူကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ် ဦးစီးမှူးဦးနိုင်နိုင်ဦးနှင့် ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကျောက်ဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့ကြသည်။

ထိုသို့ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာ​မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ် ဦးစီးမှူးဦးနိုင်နိုင် ဦးနှင့်ဝန်ထမ်းများက ကျောက်ဖြူကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အသက်(၁၀) နှစ်ပြည့်ပြီးသူနှင့်အသက် (၁၈)နှစ်အထက်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ (၂၃၆)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများကိုလည်း၊ နေ့ရက်အလိုက်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်​ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လပွတ္တာမြို့နယ် ဦးစီးမှူးရုံးမှသိရှိရသည်။

ခရိုင်(ပြန်/ဆက်)