ငါးသိုင်းချောင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်း မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ကျောင်းသား/သူများကျောင်းစတင် တက်ရောက် ပညာသင်ကြားနေကြောင်းသိရသည်။
ငါးသိုင်းချောင်း မြို့ရှိ အခြေ ခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၄၈၅)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)