ချောင်းဦး အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည် ပြုလူနာသည် ကျန်းမာရေးကောင်းမွန်စွာ ယနေ့ နံနက်(၈) နာရီခွဲ အချိန်က ဆေးရုံမှဆင်း ခွင့်ပြုလိုက် ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်မှပြန်လာသည့်အသက်(၂၃)နှစ်အရွယ်ခင်မွန်ကျေး ရွာနေထိုင်သူ အမျိုးသားအားခင်မွန်အထက(ခွဲ)ကျောင်းတွင်အသွားအလာကန့်သတ်စောင့် ကြည့်ခဲ့ပြီး နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်ယူစစ်ဆေးခဲ့ရာစက်တင်ဘာ(၂၇)ရက်နေ့ညနေပိုင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပိုးတွေ့လူနာစာရင်းနံပါတ်(၁၀၃၅၀)ဖြင့် အတည်ပြုခဲ့သဖြင့်ချောင်းဦး မြို့နယ်အတွင်း ဒုတိယမြောက်ပိုးတွေ့လူနာအဖြစ်ပြည်သူ့ဆေး ရုံသို့ပြောင်းရွှေ့ကုသပေးခဲ့သည်။
မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်ထွန်းဦးကိုယ်တိုင် ကြပ်မတ်ကုသပေးခဲ့ရာဆေးရုံ၌ တက်ရောက် ကုသသည့် ရက်(၁၁)ရက်ပြည့်သည့်ယနေ့နံနက် တွင်ကျန်းမာရေးကောင်းမွန်စွာဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှသိရသည်။
လူနာဆေးရုံမှဆင်းချိန်တွင်ဆရာဝန်ကြီး၊ကျန်းမာရေးဝန်ထမ်းများနှင့်အတူချောင်းဦးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးအောင်အေးခန့်လာရောက်အားပေးစကားပြောကြားခဲ့သည်။ဆရာဝန ကြီးမှမိမိအိမ်တွင်ဘယ်သူနဲ့မှထိတွေ့မှုမရှိဘဲHome Stay အဖြစ် တစ်ပတ်နေရန်မှာ ကြားခဲ့ပြီး ဆေးရုံမှခင်မွန်ကျေးရွာသို့ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင်ပို့ပေးခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်းကိုဗစ်-၁၉ အတည်ပြု လူနာ(၃)ဦးရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ကုသပေး ခဲ့ရာလွန်ခဲ့သော သုံးရက်က ပထမဆုံးလူနာကျန်းမာစွာဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း၊ ယနေ့ ဒုတိယ မြောက်လူနာဆေးရုံဆင်းခွင့်ရပြီးအောက်တိုဘာ(၁၂)ရက်နေ့တွင် တတိယမြောက်လူနာ ဆေးရုံမှ ဆင်းခွင့်ရမည် ဖြစ်ကြောင်း၊လူနာအားလုံးကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်းသိရှိရ သည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)