မုံရွာခရိုင် ပုဂ္ဂလိကကျန်းမာ‌ရေး ‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးခန်း(၄)ခုအား ကြည့်ရှုစစ်ဆေး

မုံရွာ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုဂ္ဂလိကကျန်းမာ‌ရေး ‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ခရိုင်ပုဂ္ဂလိက ကျန်းမာ‌ရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့် အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက မုံရွာမြို့ အလုံရပ်ကွက်၊ အေးသာယာရပ်ကွက်နှင့် ထန်းတောရပ်ကွက်တို့ရှိ ပုဂ္ဂလိက ဆေးခန်း (၄)ခုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မုံရွာခရိုင် ပုဂ္ဂလိကကျန်းမာ‌ရေး ‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့အလုံရပ်ကွက်ရှိ ဒေါ်နွယ်ဝင့်အောင် ကြီးမှူးဖွင့်လှစ် သည့် ရောဂါရှာဖွေရေး‌ဓာတ်ခွဲခန်းနှင့် ဒေါက်တာ နေအောင်ဖေ ကြီးမှူးဖွင့်လှစ်သည့် သမားတော် ဆေးခန်းသို့ လည်းကောင်း၊ အေးသာယာရပ်ကွက်ရှိ သွားနှင့် ခံတွင်း ဒေါက်တာ နိုင်ဦးလွင် ကြီးမှူး ဖွင့်လှစ်သည့်  သွားနှင့် ခံတွင်းဆေးခန်း သို့လည်းကောင်း၊ ထန်း‌တော ရပ်ကွက်ရှိ  ဒေါက်တာ ကျော်စည်သူ   ကြီးမှူးဖွင့်လှစ်သည့် အထွေထွေရောဂါကုဆေးခန်းတို့သို့ ရောက်ရှိပြီး အဆိုပါ ပုဂ္ဂလိကဆေးခန်း တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကျန်းမာရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အကြီးအကဲများက ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကိုက်ညီမှုရှိ/ မရှိ၊ ကျန်းမာရေးကုသရေးလုပ်ငန်း လိုင်စင်ရှိ/မရှိ၊ ဝန်ထမ်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ၊ ဆေးဝါးနှင့် ကျန်းမာရေးသုံးစက်ပစ္စည်းများ စုံလင်စွာ ရှိ/မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ စည်ပင်အခွန်ပေးဆောင်မှု ရှိ/မရှိ၊ ဆေးခန်းလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ရေဆိုးစွန့်ပစ်မှု၊ အမှိုက်သရိုက်များ စည်းကမ်းတကျစွန့်ပစ်မှု အခြေအနေတို့အပြင် ဆေးခန်းများအတွင်းရှိ ဓာတ်ခွဲခန်းများနှင့် ခွဲစိတ်ခန်းများတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ပုဂ္ဂလိက ဆေးခန်းတို့မှ တာဝန်ရှိသူများအား ပုဂ္ဂလိကဆေးခန်း လုပ်ငန်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ရန် သက်တမ်းကုန်လိုင်စင်များအား သက်တမ်းအသစ်တိုးရန်၊ နှစ်စဥ်သတ်မှတ်ထားသည့် အခွန်များ ပေးဆောင် ကြရန်၊  လျှပ်စစ်‌ကြွေးကျန်များ ပေးဆောင်ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက်လည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြ ရန် အကြံပြုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)