လေးမျက်နှာမြို့နယ် အ.မ.က-သောင်ဘုတ်(အရှေ့) RCC PL6'(၁)ထပ် ကျောင်းဆောင် သစ်ဖွင့်ပွဲကျင်းပ

လေးမျက်နှာ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အ.မ.က-သောင်ဘုတ် (အရှေ့) 60'×30' RCC PL 6'(၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးတင်ဦး၊ မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်သူရစိုး၊ မြို့နယ်ပညာ ရေးမှူး ဒေါ်ငွေဌေး၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိဦးဇော်မင်းထွန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးဝင်းလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အ.မ.က-သောင်ဘုတ် (အရှေ့)ကျောင်းဆောင်ကို ပြည်ထောင်စုဘတ်ဂျက်ငွေ (၁၀၂.၁၈၇၈)သန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ်တွင် သင်္ဂဟဗလကုမ္မဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅ ဦး ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)