လေးမျက်နှာ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းမကြီးဘေးရှိ မြို့နယ်စီမံကိန်းဦးစီးမှူးရုံးတွင် ယနေ့နံနက်(၉:၃၅)အချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးရန်နိုင်စိုးဦးဆောင်၍ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် ပြည်သူ(၁၅)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၉:၅၅)နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။
ဖြစ်စဉ်မှာ လေးမျက်နှာမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချူပ်လမ်းမကြီးဘေးရှိ မြို့နယ် စီမံကိန်းဦးစီးမှူးရုံးတွင် လျှပ်စစ်အားသွင်းမီးလုံး အားသွင်းရာမှ လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲ၍ အနီးရှိအသုံးမလိုသော စာရွက်စာတမ်းများအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်အားသွင်းမီးလုံးများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)