ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးဆိုင်းဘုတ်များ တပ်ဆင်

ဒေးဒရဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ် ကင်ရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက မြို့တွင်းလမ်းများတွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိမှုအား မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြိုနယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြို့နယ်ယာဥ်ထိန်း တပ်ဖွဲ့က တာဝန်ရှိသူများက မြို့တွင်းလမ်းများနှင့် ကားလမ်းမများတွင် ယာဥ်အန္တရာယ်ကင်းရှင်ရေး အသိပေးဆိုင်းဘုတ်များ တပ်ဆင် ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အေဇာလင်း