ဝါးခယ်မမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူများသို့ ချေးငွေနှင့်မျိုးစပါးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိခန်းမ” တွင် ယနေ့နံနက် ၁၀ နာရီအချိန်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား မျိုးစပါးနှင့် ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသာ်။

ယင်းအခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများ၊ စုစုပေါင်း အင်အား(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ဦးစန်းဌေးက နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ စီးပွားရေးမြင့်မားစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား လုပ်ငန်းအလိုက်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ချေးငွေထုတ်ယူသူများအနေဖြင့် မိမိတို့၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ချေးငွေသက်တမ်းမှာ(၁)နှစ်ဖြစ်ပြီး ငွေ(၁၀၀)ကျပ်လျှင် အတိုး(၀.၅)ကျပ်ဖြစ်သဖြင့် ချေးယူသည့် ငွေအပေါ်မူတည်၍ (၆)လလျှင်(၁)ကြိမ်အတိုးပေးဆပ်ရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ငန်းအတွက် ဦးသန်းနိုင် ပါ(၁၉၈)ဦးအား နယူးဧရာ” မျိုးစပါး (၁၁၅,၀၀၀)ကီလိုဂရမ် တန်ဖိုးငွေကျပ်(၉၂၀)သိန်းနှင့် ငွေကျပ်(၁၃၈၀)သိန်း၊ စုစုပေါင်းငွေကျပ်(၂၃၀၀)သိန်း၊ မွေးမြူရေးလုပ်ငန်းအတွက် ဦးဇော်မျိုးထွန်း ပါ(၂၀)ဦးအား ငွေကျပ်(၅၀၀)သိန်း၊ ကုန်ထုတ်လုပ်ငန်းအတွက် ဦးပွားအား ငွေကျပ်(၂၀၀)သိန်း၊ စုစုပေါင်းငွေကျပ်(၃၀၀၀)သိန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)