ဘိုကလေးမြို့နယ်တွင် နိကာယ်ငါးရပ်ပါဠိတော် စာမေးပွဲ ကျင်းပလျက်ရှိ

ဘိုကလေး ဇွန် ၂

ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲရေးနှင့် သာသနာ့အာဇာနည်များ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ဆွမ်းလောင်းအသင်းဓမ္မာရုံကြီး၌ မြို့နယ်သာသနာရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက် မှုဖြင့် နိကာယ်ငါးရပ်ပါဠိတော် စာမေးပွဲ ကျင်းပပြုလုပ်လျက်ရှိသည်။

စာမေးပွဲတော်အား ဇွန်လ(၁)ရက်နေ့မှ စတင်၍ ဇွန်လ(၅)ရက်နေ့အထိ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး ဘိုကလေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် (၁၁)ပါးဝင် ရောက်ဖြေဆိုကြောင်းနှင့် စာဖြေသံဃာများအနေဖြင့် ပါရာဇိကကဏ္ဍ အဌကထာ၊ သိလက္ခန္ဓဝဂ္ဂ အဌကထာ၊ အဌသာလိနိ အဌကထာ၊ ပါစိတျာဒိ အဌကထာ၊ မဟာဝဂ္ဂ အဌကထာ၊ သမ္မောဟဝိနော ဒနိအဌကထာ၊ စူဠဝဂ္ဂါဒိ အဌကထာ၊ ပါထိကဝဂ္ဂ အဌကထာ ဘာသာရပ်များ အား ဖြေဆိုရမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရသည်။

မိုးစက်(ဘိုကလေး)