ခန္တီး ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အသက်(၆)လအရွယ်နှင့် (၉)လအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ဇွန်လ (၂)ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ (၄) နာရီ အချိန်ထိ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် ခန္တီးမြို့နယ်အတွင်းရှိ အသက်(၄)လအရွယ် ကလေးငယ်များအား ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်၊ (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဉီးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)များနှင့် အသက်(၆)လအရွယ် ကလေးငယ်များအား ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဉီးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)များ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)