ခန္တီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ခန္တီး ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား လျက်ရှိကြောင်းသိရသည်။

ခန္တီးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၉၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း(၆)ကျောင်း စုစုပေါင်း (၉၇) ကျောင်း ဖွင့်နိုင်ခဲ့ပြီး ယနေ့အထိကျောင်းသား/ကျောင်းသူ ပေါင်း(၈၉၄၉)ဦး အပ်နှံပြီးဖြစ်ရာ ဘေးကင်းလုံခြုံစွာနှင့် စိတ်အေးချမ်းသာယာစွာ ပညာသင်ကြား နေမှုများကို ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉီးသက်ဉီးဆွေ နှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများကအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)