လပွတ္တာ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံ ကိန်းရန်ပုံငွေထူထောင်၍ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်း၊ သမဝါယမ လုပ်ငန်းများ ၎င်းလုပ်ငန်းများနှင့် ဆက်စပ်သည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုရန်စသည့်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ရေးကော်မတီဝင် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)