စစ်ကိုင်း ဇွန် ၂
စစ်ကိုင်းမြို့တွင် ခရိုင်အမျိုးသမီး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ဆွေးနွေးပြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက Gender , CEDAW , NSPAW နှင့် UNSCR 1325 အကြောင်းအရာများနှင့် ကော်မတီ၏ တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကော်မတီ၏ ရှေ့ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ကော်မတီဝင်များက မရှင်းလင်းသည်များ မေးမြန်းကြရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် အမျိုးသမီးကော်မတီဝင်များအနေဖြင့် အမျိုးသမီးကိစ္စရပ်များနှင့်ပတ်သက်၍ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားရအောင် ကော်မတီဝင်များက စဉ်ဆက် မပြတ်ကြည့်ရှုလေ့ပြီး တွေ့ဆုံဆွေးနွေးပွဲများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်