ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 Antigen Rapid Diagnostic test kits(RDT) ဖြင့် စတင်စစ်ဆေး

ဒေးဒရဲ  အောက်တိုဘာ ၈

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင်သော ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ဧရာဝတီ တိုင်းဒေသကြီး၏ အဝင်ဂိတ်ဖြစ်သည့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဒေးဒရဲတံတား စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကိုဗစ်-၁၉ ပိုးရှိ/မရှိ COVID-19 Antigen Rapid Diagnostic test kits(RDT) ဖြင့် စတင်၍ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်နှင့် ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင်သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ပိုးရှိ/မရှိ COVID-19 Antigen Rapid Diagnostic test kits(RDT) ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိပါက နီးစပ်ရာဆေးရုံတွင် ဆေးကုသမှု ခံယူရမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိပါက (၁၄)ရက်သက်တမ်းရှိသော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့်  စစ်ဆေးပေးမည့် ကျန်းမာရေး ဝန်ထမ်းများ တစ်ကိုယ်ရည် ကာကွယ်ရေး သုံးပစ္စည်းများအား အချိန်ပြည့် ဝတ်ဆင်နိုင်ခြင်း မရှိနိုင်သည့်အတွက် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် (၈)နာရီ၊ မွန်းလွဲ (၁)နာရီ၊ ညနေ (၃)နာရီနှင့် ညနေ(၆)နာရီ အချိန်များခွဲ၍ တစ်နေ့လျှင် (၄)ကြိမ် စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)