ဟုမ္မလင်း ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြင့် ပန်းချီ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မူလတန်း ထက်/ဆင့် ကျောင်းသား/သူ (၁၅)ဦးက ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အနေဖြင့် ဆောင်းပါး၊ ပိုစတာ၊ မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး စာအုပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာ စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)