ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူ (၆၉၈၁)ဦး တက်ရောက်သင်ကြား

ဂန့်ဂေါ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်၍ သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

ဂန့်ဂေါမြို့နယ်တွင် စတင်ဖွင့်လှစ်နေပြီဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများမှာ အ.ထ.က (ဂန့်ဂေါ)၊ အ.ထ.က(ကျော)၊ အ.ထ.က(မြို့မ)၊ အ.ထ.က(ဟံသာဝတီ)၊ အ.ထ.က (မြောက်ခင်ရန်း)၊ အ.ထ.က (ကန့်သက်)၊ အ.ထ.က(ခွဲ)စကား၊ အ.ထ.က(ခွဲ)လယ်ကြီး(န)၊ အ.ထ.က(ခွဲ)လယ်ကြီး၊ အ.လ.က(မြောက်ကုန်း)၊ အ.လ.က(ပြစ်မ)၊ အ.လ.က(ကျဲ)၊ အ.လ.က (နုံးကြီး)၊ အ.လ.က(ခွဲ)(ကုက္ကား)၊ အ.လ.က(ခွဲ) စည်ပင်သာယာ၊ အ.လ.က(ခွဲ)ကျောတိုက်၊ အ.မ.က (တပ်တွင်း)၊ အ.မ.က(မြို့မတောင်ပိုင်း)၊ အ.မ.က(ရွှေမြစ်သာ)၊ အ.မ.က(ဝင်ဝ)နှင့် အ.မ.က(ခွဲ) (ဟံသာဝတီ)စသည့် ကျောင်းများ ဖွင့်လှစ်နေပြီး ယနေ့တွင် ကျောင်းသား/သူ ၆၉၈၁ ဦး အေးချမ်းစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း  သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)