နာဂဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စက်မှုစိုက်ပျိုးနှင့်မွေးမြူ ရေး(တွဲဖက်)အထက်တန်းကျောင်း ဖွင့်ပွဲကျင်းပ

နန်းယွန်း ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နန်းယွန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စက်မှုစိုက်ပျိုးမွေးမြူရေး (တွဲဖက်) အထက်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ၎င်းကျောင်းခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးနေမင်းသူကအဖွင့်အမှာစကားပြောကြားသည်။ ထိုသို့အမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နန်းယွန်းနှင့် လဟယ်မြို့ များတွင်ဖွင့်လှစ်ပေးခဲ့ရာ နန်းယွန်းမြို့နယ်တွင်စက်မှုတက်ရောက်သင်ကြားမည့်ကျောင်းသား/သူ (၉၀)ဦး၊ စိုက်ပျိုးရေးသင်ကြားမည့်ကျောင်းသား/သူ(၃၀)ဦးနှင့် မွေးမြူရေးသင်ကြား တက်ရောက် မည့် ကျောင်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၁၅၀)ဦးရှိကြောင်း၊ အဆိုပါ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ရာထားချက်ပြည့်တက် ရောက်နိုင်ရန်လို အပ်ပါကြောင်းနှင့်  စက်မှုစိုက်ပျိုးနှင့်မွေးမြူရေး(တွဲဖက်)အထက်တန်းကျောင်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

စက်မှုစိုက်ပျိုးနှင့်မွေးမြူရေး(တွဲဖက်) အထက်တန်းကျောင်းအား ဇေယျာမျိုးမြင့်ကုမ္မဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး အဆောက်အဦအား ကုမ္ပဏီတာဝန်ခံမှ လွှဲပြောင်းပေးအပ်ရာ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးရှန်ယုန်ကလက်ခံပြီး မြို့နယ်နာ ဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ဦးယောင်ရန်းကကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထိုနောက် စက်မှုစိုက်ပျိုးနှင့်မွေးမြူရေး(တွဲဖက်)အထက်တန်းကျောင်းအား နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ညွန်ကြားရေးမှူးဦးနေမင်းသူ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများကဖဲကြိုဖြတ်ဖွင့်လှစ်ပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က အထက်တန်းကျောင်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ စက်မှုစိုက်ပျိုးနှင့်မွေးမြူရေး(တွဲဖက်)အထက်တန်းကျောင်း ဖွင့်ပွဲကို နာဒေသစီမံ အုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး၊ညွှန်ကြားရေးမှူး ဦးနေမင်သူ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့်အဖွဲ့ဝင်များ၊ အထက်တန်းကျောင်းအုပ်ကြီး ဦးရှန်ယုန်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ကျောင်းဆရာ/မများ၊ကျောင်းသား/ သူများတက်ရောက်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)