မြို့သစ်မြို့နယ်အတွင်းရှိ လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

မြို့သစ် ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့၊ နေ့လည်(၁၄၁၅)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ်(၉)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ထောက်ရှာတန်းကျေးရွာအုပ်စု၊ အင်တော(မ)ကျေးရွာမှ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ ဇင်းဗျိုးကျေးရွာမှအိမ်ခြေ(၇)လုံး၊ အင်တော(တ)ကျေးရွာမှ အိမ်ခြေ(၁)လုံး၊ ထောက်ရှာတန်း(မ)ကျေးရွာမှ အိမ်ခြေ(၁)လုံး စုစုပေါင်းဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၉)လုံး၊ လူဦးရေ(၃၇)ဦးအတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၈၅၀၀၀/)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၇၇၇၀၀/)တိတိအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)