ကန့်ဘလူမြို့ အထက(၁)၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပ

ကန့်ဘလူ ဇွန် ၂

၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပန်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို ရောင်စုံပန်းချီပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးပြီး ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ရာ ရောင်စုံပန်းချီပြိုင်ပွဲတွင် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ မူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၃၈ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲတွင် အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်တို့၌ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၂ ဆု အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိသူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဇွန် ၅ ရက်နေ့ တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)