မြင်းမူ ဇွန် ၂
စာငှား၊ စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မြင်မူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဝါသနာရှင်များ လက်ဝယ်အရောက် မိုဘိုင်း စနစ်ဖြင့် စာအုပ်၊ စာစောင်များ စနစ်တကျ ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
“ရုံး၊ ဌာနများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေ၍ စာကြည့်တိုက်ဖွင့်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ဝန်ထမ်းများအတွက် နေရာအရောက်ငှားရမ်း ပေးရခြင်းဖြစ်ကြောင်း၊ ဖတ်ရှုပြီး စာအုပ်၊ စာစောင်များကိုလည်း တစ်ပတ်လျှင်တစ်ကြိမ် ဖတ်ရှု လိုသည့် စာအုပ်၊ စာစောင်မျာနှင့် အသစ်လဲလှယ် ငှားရမ်းပေးသွားမှာဖြစ်ကြောင်း၊ အချိန်မရ၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် မိုဘိုင်းစနစ်နဲ့ ငှားရမ်းပေးခြင်းမှာ အဆင်ပြေကြောင်း” မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ပြောကြားခဲ့သည်။
မြင်မူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာငှား၊ စာဖတ်တိုးပွားရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မိုဘိုင်းစာငှားခြင်းလုပ်ငန်းကို အပတ်စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)