မြောင်းမြမြို့နယ်တွင် အကြိမ် (၃၀) မြောက် နိကာယ်စာမေးပွဲ ကျင်းပ

မြောင်းမြ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၃၀) ကြိမ်မြောက် နိကာယ်စာမေးပွဲကို အလယ်တောရ ပရိယတ္တိစာသင်တိုက်၌ ယနေ့နေ့လယ် (၁) နာရီအချိန်က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ (၃၀) ကြိမ်မြောက် နိကာယ်စာ‌မေးပွဲ ပထမနေ့၌ ပါရာတိက (ပါဠိ) ဘာသာရပ်ကို ရဟန်း (၁၇) ပါး၊ ရှင် (၅) ပါး၊ သီလရှင် (၂) ပါး၊ သီလက္ခန္ဓဝဂ္ဂ (ပါဠိ) ဘာသာရပ်ကို ရဟန်း (၁) ပါး၊ ဓမ္မသဂီဏီ (ပါဠိ) ဘာသာရပ်ကို ရဟန်း (၁) ပါး စုစု‌ပေါင်း (၂၆)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

 ၂၀၂၃ခုနှစ် (၃၀) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဖြေဆိုသံဃာတော်များနှင့် သီလရှင်များအား ရေသန့်နှင့်အအေးများ ဆက်ကပ်လှူဒါန်းပြီး၊ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာန ကြီးကြပ်ရေးဆရာတော်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)