ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကျွန်းလှ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာသန်းစွမ်းသော ကလေးငယ်များ ဖြစ်စေရန်ရည်ရွယ်၍ အသက်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြိုနယ်ပြည်သူ့ဆေးရုံနှင့် မြိုနယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။

အဆိုပါ နှစ်နှစ်အောက် ကလေးငယ်များအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။

ထို့အပြင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်မာရေး အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်း/လှ)