ကျွန်းလှမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျွန်းလှ ‌ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၃-၂၀‌၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယမန်နေ့ နံနက် ‌၈ နာရီခွဲက စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ မူလတန်း လွန်ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၂)ကျောင်းဖွင့်လှစ်ပြီး မူလတန်း (၃၇၉၈) ဦး၊ အလယ်တန်း (၁၁၉၈) ဦး၊ အထက်တန်း (၆၁၅) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၆၁၁) ဦး ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ