မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မအူပင် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ယနေ့ ဇွန်လ(၁)ရက်နေ့မှ စ၍ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မအူပင်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၃၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း()ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း(၃၂၅)ကျောင်းရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၆,၂၅၄)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ယူနိုင်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအေးလွင်၊ အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်စန်းယုမော်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းများသို့သွားရောက်၍ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)