စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှု လိုက်လံကြည့် ရှုအားပေး

မုံရွာ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်သည် မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ရက်နေ့၊ နံနက်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မုံရွာမြို့ပေါ်ရှိ အမှတ်()အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်း ပညာရေး လေ့ကျင့်ကျောင်း၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်() အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်နှင့် တာဝန်ရှိသူများက ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဆောင် အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် မုံရွာမြို့နယ်ရှိ သံဃာတော်များ နိကာယ် ရပ်စာမေးပွဲ ပထမနေ့ ဖြေဆိုတော်နေမှုများအား ဖူးမျှော်ကြည်ညှိပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး

(ပြန်/ဆက်)