ငွေဆောင်မြို့အတွင်းရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်

ငွေဆောင် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

ငွေဆောင်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် ငွေဆောင်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မြို့အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများ၊ ကျောင်းသားမိဘ များနှင့် တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ စာသင်ကျောင်းများ ကျောင်းမုန့်စျေးတန်းများ သန့်ရှင်းသပ်ရပ်မှုရှိ၊ မရှိ ကြည့်ရှုစစ်ဆေးကာ စာသင်ခန်းပြင်ဆင်ထားရှိမှုနှင့် ကျောင်းသားဝင်ဆံ့မှု အခြေအနေတို့အား စစ်ဆေး၍ စာသင်ခန်းများ၌ လိုအပ်သည်များ မှာကြားဆောင်ရွက်ခြင်းတို့အား လုပ်ဆောင်ခဲ့ကြသည်။ ကျောင်းဝန်းအတွင်းအပြင် လုံခြုံမှုရှိစေရေးအတွက်လည်း ရပ်/ကျေး ကာကွယ်ရေးအဖွဲ့မှ တာဝန်ယူ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

R – O14( ငွေဆောင်)