ကလိန်အောင် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယမန်နေ့ ဇွန် လ (၁) ရက်နေ့တွင်စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်း သား၊ ကျောင်းသူများအတွက် စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကလိန်အောင်မြို့တွင် အ.ထ.ကကျောင်း(၁)ကျောင်း၊ အ.လ.က(ခွဲ) (၁)ကျောင်း၊ မူလွန် (၃) ကျောင်း၊ အ.မ.က (၅)ကျောင်း၊ စုစုပေါင်း (၁၀) ကျောင်း စတင်ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအေးချမ်းစွာစာသင်ကြားနိုင်းရေးနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့်တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)