၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မော်လိုက်မြို့နယ်အတွင်း အခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်

မော်လိုက် ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာသင် ကျောင်းများကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျေင်းသား/ကျောင်းသူများ ပညာသင်ကြားရန်အတွက် ကျောင်းများသို့ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြကြောင်း သိရသည်။

မော်လိုက်မြို့နယ်အတွင်း မေလ(၂၃) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံမှုများ ကိုလက်ခံခဲ့ရာ အထက်တန်း(၂)ကျောင်း၊ အလယ်တန်း(၂)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၁၄)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၂၀) ကျောင်းတို့တွင် (၅)နှစ်အရွယ် (KG)တန်းမှ ဒွါဒဿမတန်း (Grade-12) သင်ရိုးသစ်အထိ ကျောင်းသား/ ကျောင်းသူများကို ကျောင်းအပ်နှံမှုများ နေ့စဉ်လက်ခံဆောင်ရွက်ပေးခဲ့ရာ မူလတန်းကျောင်သား/ ကျောင်းသူ(၂၁၀၅)ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ (၇၁၁)ဦး၊ အထက်တန်းကျောင်းသား/ ကျောင်းသူ (၃၉၀)ဦး စုစုပေါင်း (၃၂၀၆) ဦးအထိ ကျောင်အပ်နှံပြီးဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းခုပ်ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)