ကော့သောင်းမြို့တွင်၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ကော့သောင်း  ဇွန် ၂

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊အတွက်စာသင်ကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ မူ/လယ်/အထက်တန်းအဆင့်အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တပြိုင်နက်တည်းဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါ စာသင်ကျောင်းများဖွင့်လှစ်ရာတွင်ကျောင်းသားမိဘများက မူလတန်းအရွယ်သား၊ သမီးများအား စာသင်ကျောင်းသို့ကိုယ်တိုင်လာရောက်ပို့ဆောင်ကြပြီး ကျောင်းသား၊ကျောင်းသူများက ပျော်ရွင်အေးချမ်းစွာဖြင့် တက်ရောက်သင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၃) ‌ကျောင်း၊ဘုန်းတော်ကြီးသင်ပညာသင် ကျောင်း (၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်း၊ စုစုပေါင်း(၁၀၁) ကျောင်းဖွင့်လှစ်ပညာ သင်ကြားလျက်ရှိပြီး မေလ ၃၁ ရက်နေ့အထိကျောင်းသား/သူစုစုပေါင်း(၂၂၇၄၃) ဦး‌ ကျောင်းအပ် လက်ခံထားရှိပြီး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)