ကရသူရိ ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ကျောင်းစတင်ဖွင့်လှစ်ပြီးဆရာ/ဆရာမများက သင်ခန်းစာများကို ကျောင်းသား/သူများအား ပို့ချသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် KG အတန်းမှ Grade-12တန်းအထိ ကျောင်းအပ်နှံထားပြီးသူ(၄၀၆)ဦးရှိပြီး ယနေ့တက်ရောက် သင်ကြားသူ(၃၅၀)ဦးခန့်ရှိကာ ကျောင်းအပ်နှံခြင်းအား ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါစာသင်ကျောင်းများ ဖွင့်လှစ်ရေးအတွက် မေလ၂၃ရက်နေ့မှစ၍ မိဘအုပ်ထိန်းသူများဖြင့် စတင်လက်ခံဆောင်ရွက်ခဲ့ပြီးကျောင်းသား/သူများအားကျောင်းသုံးပုံနှိပ်စာအုပ်နှင့်ဗလာစာအုပ်တို့ကို အခမဲ့ပေးခဲ့ကြောင်း သိရသည်။
ကရသူရိပြန်/ဆက်