လွိုင်ကော်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

လွိုင်ကော် ဇွန် ၂

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ပလပ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့’’  ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာ ကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၈) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စာစီစာကုံးပြိုင်ပွဲကျင်းပဆောင်ရွက်နေမှုအား ကယားပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြမည့် ကျောင်းသား/ ကျောင်းသူများအား ဇွန်လ(၅)ရက်နေ့ ကမ္ဘာ့ပတ်ဝန်ကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)