ပလောက်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာကျောင်းသား/ကျောင်းသူများပျော်ရွှင်စွာပညာ သင်ကြား

ပလောက်   ဇွန်  ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံး  အတိုင်းအတာအနေဖြင့် ယမန်နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေပြီဖြစ်သည်။ 

ပလောက်မြို့တွင် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း   ၁ ကျောင်း၊ မူလွန်ကျောင်း ၁  ကျောင်းနှင့် မူလတန်းကျောင်း  ၁  ကျောင်းဖွင့်လှစ်လျက်ရှိရာ  အခြေခံပညာအထက်တန်းကျောင်း၊ ပလောက်မြို့တွင် KG အတန်းမှ Grade-12တန်း အထိကျား (၃၈၅) ဦး၊ မ (၅၀၂) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၈၇)ဦးတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း  ကျောင်းအုပ် ဆရာမကြီးထံမှသိရသည်။

နှင်းမြူလွင်