ကရသူရိ ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကျောင်းစတင်ဖွင့်လှစ်ပြီး ဆရာ/ဆရာများက သင်ခန်းစာများကို ကျောင်းသား/သူများအား ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် KG အတန်းမှ Grade-12 တန်းအထိ ကျောင်းအပ်နှံထားပြီးသူ (၄၀၆)ဦး ရှိပြီး ယနေ့ တက်ရောက်သင်ကြားသူ (၃၅၀)ဦးခန့်ရှိကာ ကျောင်းအပ်နှံခြင်းအား ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများ ဖွင့်လှစ်ရေးအတွက် မေလ ၂၃ ရက်နေ့မှ စ၍ မိဘအုပ်ထိန်းသူများဖြင့် စတင်လက်ခံဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများအား ကျောင်းသုံးပုံနှိပ် စာအုပ်နှင့် ဗလာစာအုပ်တို့ကို အခမဲ့ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)