မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွင့် လှစ်နေမှုအခြေနေများလိုက်လံကြည့်ရှု

မြို့သစ် ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့ နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ‌ခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေများကို ယနေနံနက်(၉)နာရီအချိန်က တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြသည်။

ထိုသို့ လိုက်လံကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ဖွင့်လှစ်နေမှုအခြေနေ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်မှုနှင့် ကျောင်းဆောင်များ ကောင်းမွန်ခြင်းရှိ/မရှိ လိုက်လံ ကြည့်ရှူပြီး ကျောင်းများတွင်လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး၊ ဆရာကြီးဦးဝင်းအောင်က ကိုဗစ်-၁၉ ရောဂါသည် လုံးဝကင်းရှင်းသွားခြင်း မဟုတ်သေးကြောင်း၊ ဆက်လက် ဂရုစိုက်နေထိုင်ရန် လိုအပ်သေးကြောင်း၊ စာသင်ခန်းအတွင်း အစဥ်အမြဲသန့်ရှင်းနေစေပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် တစ်ခုံလျှင် (၃)ယောက်နှုန်းသာ ထားကာ စာပေများကို သင်ကြား/သင်ယူခြင်းပြုကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)