မြို့သစ် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့သစ်မြို့ နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအပ်နှံကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၉၃)ကျောင်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းတို့ကို မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ် (၂၃.၅.၂၀၂၂)ရက်နေ့က စတင်လက်ခံခဲ့ရာ မူလတန်းအဆင့်လျာထား(၂၂၅၅၆)ဦး၊ ရှိပြီးအပ်နှံပြီးသူ(၁၉၉၃၄)၊ အလယ်တန်းအဆင့်လျာထား(၇၇၆၁)ဦးရှိပြီး အပ်နှံပြီးသူ(၆၅၆၁)ဦး၊ အထက်တန်းအဆင့်လျာထား(၃၆၁၈)ဦး ရှိပြီးအပ်နှံပြီးသူ(၂၅၅၁)ဦးရှိပြီး စုစုပေါင်းအပ်နှံပြီးသူ (၂၉၀၄၆)ဦး ပညာသင်ကြားလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၅ဒသမ၅၉ရာနှုန်းရှိကြောင်း၊ ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)