သရက်ချောင်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

သရက်ချောင်း   ဇွန်    ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ဒေါ်လွင်မာသူက အမှိုက်များ စနစ်တကျစွန့်ပစ်ဖို့နှင့် ပိုးသတ်ဆေးများ စနစ်တကျကိုင်တွယ်သုံးစွဲစွန့်ပစ်ကြစို့ အစရှိသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်သိမ်းဆည်းမှု၊ အမှိုက်စွန့်ပစ်မှုစနစ်တကျ လုပ်ဆောင်ခြင်းဖြင့် မြို့နေပြည်သူလူထုများ ရောဂါကင်းဝေးစေပြီး ကျန်းမာသန့်ရှင်းစွာနေထိုင်နိုင်ရန်၊ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်နိုင်ရန်နှင့် မြို့တွင်း၌ အမှိုက်များကင်းစင်ပြီး သန့်ရှင်းသပ်ရပ်သော မြို့တစ်မြို့ဖြစ်စေရန်၊ အမှိုက်စွန့်ပစ်ရန်နေရာသတ်မှတ်ခြင်းနှင့် စနစ်တကျစွန့်ပစ်ရန် ပညာပေးစည်းရုံးခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့နည်းပပျောက်စေရန် စစ်ဆေးဖော်ထုတ်ခြင်း၊ တားမြစ်ခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး(Talk Show) အစီအစဉ်များကို လစဉ်ရိုက်ကူး၍ Online pageမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)