တမူး ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန်လ(၁) ရက်နေ့မှစ၍ ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင် တက်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ သက်မှတ်ကာလ အတွင်းကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံ နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မေလ(၂၃) ရက်နေ့မှ (၃၁)ရက်နေ့ ကျောင်းသား/ ကျောင်းသူ (၉၁၁၀)ဦး ကျောင်းအပ်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်တွင် အခြေခံပညာ အထက်တန်း အထက်တန်းကျောင်း(၃)ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်း(ခွဲ) ကျောင်း(၅)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၈) ကျောင်း၊ မူလတန်းကျောင်း၏ (၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးပညာ သင်ကျောင်း(၂) ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရတနာ