မြောင်းမြ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းသား/ သူများကျောင်းစတင် တက်ရောက် ပညာသင်ကြားနေကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်၍ စာသင်ကျောင်း၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ၊ မရှိ စစ်ဆေး၍ လို့အပ်သည်များမှာကြား၍ ကျောင်းဝန်း အတွင်းအပြင် လုံခြုံမှုရှိစေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့သည်။
မြောင်းမြမြို့နယ်တွင် ယခုနှစ်စ ပထမနေ့တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၁၄၂၂)ဦး ပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)