လောင်းလုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိ

လောင်းလုံး ဇွန်   ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ဇွန်လ(၁)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။

လောင်းလုံးမြို့နယ်တွင် ယခုလက်ရှိ အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၂)ကျောင်းနှင့် မူလတန်းကျောင်း (၉)ကျောင်း ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား/သူဦးရေစုစုပေါင်း (၁၁၇၇)ဦးရှိပြီး ကျောင်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းသိန်း(လောင်းလုံး)