၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

မြဝတီ ဇွန်  ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ဟော ပြောပွဲ ကျင်းပပြုရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲတွင် မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ထွန်းက သဘာဝပတ်ဝန်း ကျင်အကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ် ချက်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ပျက်စီးမှုဖြစ်ပွားရသည့် အကြောင်းအရာများနှင့် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြဝတီမြို့ရှိ  မြို့ပေါ်ရပ်ကွက်များမှ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)