မြန်အောင်မြို့ အ.မ.က တာကြီးတန်း (၇၀×၃၀)ပေ RC (၂) ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြန်အောင် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.မ.က တာကြီးတန်း (၇၀×၃၀) ပေ RC (၂) ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါ ကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ(၇၀×၃၀)ပေ RC (၂) ထပ်ကျောင်းဆောင်သစ်အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များဖြင့် အမှတ်တရဓါတ်ပုံ စုပေါင်းရိုက်ကူး၍ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မြန်အောင်မြို့ အ.မ.က တာကြီးတန်း(၇၀×၃၀)ပေ RC (၂) ထပ်ကျောင်းဆောင်သစ်ကို ပညာရေးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ၂၅ ရာခိုင်နှုန်း (၂၈.၆၀)ကျပ်သန်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၇၅ ရာခိုင်နှုန်း(၈၉.၀၀)ကျပ်သန်း စုစုပေါင်း ၁၁၇.၆၀ ကျပ်သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဝင်းဗိုလ်

မြန်အောင်(ပြန်/ဆက်)