ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်အေးချမ်းစွာပညာသင်ကြားလျက်ရှိ

ကန့်ဘလူ ဇွန် ၁

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိအခြေခံပညာ ကျောင်းများ လည်း ယနေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများလည်း အေးချမ်းစွာပညာ သင်ကြားလျက်ရှိ ကြောင်းသိရသည်။

ထိုသို့ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူးဦးမျိုးဝင်းနှင့်တာဝန်ရှိသူများမှ ကျောင်းများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများကို အားပေး စကားပြောကြားကာ လိုအပ်သည်များဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(    )ကျောင်း၊ အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ) (၆ )ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ( ၁၇ )ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ( ၇ )ကျောင်း၊ မူလွန်ကျောင်း( ၉  )ကျောင်း၊ မူလတန်းကျောင်း( ၂၉ ) ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း(၂)ကျောင်းနှင့်ဘက ကျောင်း ၃ ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် အထက်တန်းကျောင်းသားကျောင်းသူ ၁၂၁၀ ဦး၊ အလယ်တန်းကျောင်း သားကျောင်းသူ ၃၁၅၉ ဦးနှင့် မူလတန်းကျောင်းသားကျောင်းသူ ၁၀၄၅၄ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၄၈၂၃ ဦးတက်ရောက်ရန် ကျောင်းအပ်နှံထားပြီး ထပ်မံတိုးလာ နိုင်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)