နတ်မောက် ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နေ့မှ စတင်ဖွင့်လှစ်လျက်ရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံ ပညာအထက်တန်းကျောင်း (၁၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၄၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၅၄) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၂၈) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂၉)၊ အခြေခံပညာမူလတန်း (၃၅)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၅)ကျောင်း စုစုပေါင်း (၂၁၂) ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၂၉၆၃၆)ဦး အေးချမ်းစွာပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
လှဝင်း